Blog

userများ ထည့်သွင်းခြင်း

use site Administration,

teacher ၊student များအားလုံးသည် userများ ဖြစ်ကြသည်။ user များထည့်သွင်းလိုပါက အသုံးများသောနည်းလမ်း (၂)မျိုး ရှိသည်။
(၁) user တယောက်ချင်းထည့်သွင်းခြင်း
(၂) user များကို file upload ဖြင့်တခါထဲ တစုတစည်း ထည့်သွင်းခြင်း

(၁) user တယောက်ခြင်းစီထည့် သွင်းရာတွင် site administration ၏ user အောက်ရှိ add a new user တွင် user တယောက်ချင်းစီအလိုက် ထည့်သွင်းနိုင်သည်။

This image has an empty alt attribute; its file name is Screenshot-1731-1024x735.png

Add a new user ရှိ user များကို ဖန်တီးရာတွင် အောက်ပါ အတိုင်း ဖန်တီးနိုင်သည်။ new user အတွက် password ကို ထည့် သွင်း၍ user များ login in ပထမဆုံး ဝင် ချိန် တွင် password ပြောင်း လဲ နိုင် အောင် force password change ဖြင့် လည်း ထည့် သွင်းနိုင်သည်။ (သို့မဟုတ်) password များကို user ၏ mail ထံသို့ auto generate လုပ် ၍ပို့ပေးသော generate password and notify user ဖြင့် လည်း ထည့်သွင်းနိုင်သည်။

(၂) user များကို တခါထဲ ထည့်သွင်းလိုပါက ဦးစွာ text file ကို မိမိ၏ စက်ထဲတွင်ကြိုတင် ပြင်ဆင်ထားရပါမည်။ text file ပြင်ဆင်ရာတွင် fields များကို ထည့်သွင်း ရမည် ဖြစ်သည်။
user account ဆောက် ရာတွင် မဖြစ်မနေ လိုအပ်သော field များမှာ- username,password,firstname,lastname,email တို့ဖြစ်ပါသည်။
ဥပမာအားဖြင့် မိမိ၏ text file ထဲတွင် အောက်ပါ အတိုင်းထည့်သွင်း၍ ပြင်ဆင်နိုင်သည်။

username,password,first name,last name,email
mgmg,Mgmg123,Mg,Mg,mgmg@edu.mm
hlahla,Hla123,Hla,Hla,hlahla@edu.mm

text file ၏ အပေါ် ဆုံး အကြောင်းသည် field များကိုထည့်ရပြီးကျန်အကြောင်းများတွင်user ၏ information များကိုထည့်သွင်းရမည်ဖြစ်သည်။

သတ်မှတ်ချက်များ
(၁) username field တွင် နာမည်သည် small letter များဖြစ်ရမည် ဖြစ်ပြီး space များ မခြားရပါ။
(၂) password field ကို မထည့်ပါက password auto generate လုပ်၍ email သို့ ပေးပို့မည်ဖြစ်သည်။

text file ကို ပြင်ဆင်ပြီးပါက site administration ၏ user အောက်ရှိ upload user တွင် file များကို upload လုပ်၍ user များကိုထည့်သွင်းနိုင်သည်။

မြန်မာ e-Commerce အတွက် Payment များနှင့် စိန်ခေါ်မှုများ

CERP Covid Economic Recovery Plan ကို အကောင်အထည်ဖေါ်နိုင်ဖို့ မေ ၂၀ ရက် ၂၀၂၀ မှာ E-commerce လုပ်ငန်းရှင်များ၊ ဘဏ်များနဲ့ Pay ကုမ္ပဏီများနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အများဆုံးပြောဖြစ်တဲ့ အကြောင်းအရာကတော့ ဒစ်ဂျစ်တယ်ငွေပေးချေနည်းလမ်း အမျိုးအစား အများအပြားရှိနေပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု မရှိလို့ လက်ခံရသူ လုပ်ငန်းများက အခက်အခဲ ရှိတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ငွေပေးချေမှုလုပ်ငန်းရော ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်း နှစ်မျိုးလုံးကို မြန်မာပြည်မှာ ဦးဆောင်လုပ်ကိုင်ဖူးသူ တစ်ယောက်အနေနဲ့ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး အဲဒီ ဆွေးနွေးချက်ကို အခြေခံပြီး ဒီနေရာမှာ နည်းနည်းပိုပြီး အသေးစိတ်ပြောပါရစေ။

Continue reading

မြန်မာပြည်အတွက် Covid-19 ကူးစက်မှုအလားအလာရှိ နေရာများကို Google Map ကို အသုံးပြုပုံဖေါ်ခြင်း

မတ်လမှစတင်ပြီး ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ မြန်မာပြည်ထဲကို ပြန်ဝင်လာကြပါတယ်။ ဒီလို ပြန်လည်ဝင်ရောက်ခြင်းနှင့်အတူ Covid-19 ကူးစက်နိုင်မှု အလားအလာများဟာ မြင့်တက်လာပါတယ်။ ဒါကြောင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများရဲ့ တည်နေရာ၊ အရေအတွက်ဟာ သူရဲ့ ပါတ်ဝန်းကျင်အတွက် အဓိက စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး တာဝန်ရှိသူများအနေနဲ့ အချက်အလက်များကို ပုံဖေါ်ကြည့်ခြင်းက အလွန်အသုံးတည့်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရနိုင်တဲ့ အချက်အလက်များကိုမူတည်ပြီး Google Map ပေါ်မှာ ပုံဖေါ်ကြည့်နိုင်ဖို့ စမ်းသပ်ပြလိုက်ပါတယ်။

Continue reading