inventory management system

စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေကစလို့ ဈေးကွက်ထဲက အရောင်းဆိုင်တွေအထိ လုပ်ငန်းလည်ပတ်မှုမှာ မဖြစ်မနေစီမံခန့်ခွဲဖို့လိုအပ်တဲ့ အပိုင်းတစ်ခုကတော့ ထုတ်ကုန်ပစ္စည်းသိုလှောင်ရုံတွေနဲ့ ကုန်ပစ္စည်းစာရင်းတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ပါပဲ။
ကုန်ပစ္စည်းစာရင်းဇယားတွေအတွက် လုပ်ငန်းတိုင်းမှာ စာရင်းကိုင်တွေက အချိန်အများကြီးပေးပြီး စာရင်းစာအုပ်တွေအများကြီးနဲ့ ကုန်အမှတ်မှားယွင်းမှုမရှိအောင်၊ ပစ္စည်းပြတ်လပ်မှုမဖြစ်အောင်၊ ကုန်ပစ္စည်းအလွဲသုံးစားလုပ်မှုတွေကိုထိန်းသိမ်းနိုင်အောင် စသဖြင့် လုပ်ငန်းရဲ့ အခရာဖြစ်တဲ့ သိုလှောင်ရုံတွေကို စီမံရပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ လုပ်ငန်းတစ်ခုအတွက် Inventory Management အပိုင်းက ကုန်ပစ္စည်းသိုလှောင်ခြင်းကို စီမံခန့်ခွဲဖို့ဆိုတဲ့ အကြောင်းပြချက်ထက်ပိုပါတယ်။ ဘာလို့လဲဆို​တော့ လုပ်ငန်းရဲ့ငွေကြေးတွေကို ကုန်ပစ္စည်းပေါ်မှာရင်းနှီးမြှုပ်နှံထားရတဲ့အတွက် ငွေကြေးလည်ပတ်စီးဆင်းမှု
ကဒီအပေါ်မှာ အခြေခံနေပါတယ်။

         ဒါကြောင့် ကျွန်မက အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ IT နည်းပညာ နဲ့ မိမိစီးပွားရေးကို ဘယ်လိုပေါင်းစပ်လုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ ထိုးဖောက်အောင်မြင်ချင်တဲ့စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ERP Software Solutions ထဲက Inventory Management Software ရဲ့ Features တွေကို လူကြီးမင်းတို့ပိုပြီးမြင်သာအောင် ရှင်းလင်းတင်ပြပေးသွားပါမယ်။

pharmacist doing inventory at drug store

(1)   Clean and Fast

         Supplier တွေဆီကနေ ပစ္စည်းဝယ်ယူခြင်းကနေစပြီး Customer ဆီသို့ပစ္စည်းရောက်ရှိမှုအခြေအနေအထိ အခြေအနေအားလုံးကို ခြေရာခံနိုင်ပြီး real time overview ကြည့်နိင်မယ်။ Double Entry စနစ်နဲ့ စာရင်းသွင်းလုပ်ဆောင်တာကြောင့် ကုန်ပစ္စည်းအမှတ်တွေနဲ့ ပြောင်းလဲတဲ့ ကုန်အဝင်အထွက် state တွေအားလုံးက system ထဲမှာ အတိအကျရှိနေမယ်။ Manufacturing Order, Picking, Delivered စတဲ့ transaction တစ်ခုချင်းစီကို တဆင့်ပြီးတဆင့် စာရင်းသွင်းလုပ်ဆောင်လို့ရမယ်။ Multi warehouse တွေကိုလည်း တနေရာတည်းကနေ အလွယ်တကူ စီမံခန့်ခွဲနိုင်တယ်။ Barcode Scanner သုံးပြီးတော့လည်း product တွေကို မှတ်လို့ရတယ်။ Mobile User Interface လည်းရတာကြောင့် နေရာမရွေး မိမိလုပ်ငန်းရဲ့ Inventory Dashboard ကို Control လုပ်နိုင်ပြီး order state တွေကို tracking လုပ်နိုင်ပါတယ်။ ဒါကြောင့် စာရင်းကိုင်တွေနဲ့ အရောင်းမန်နေဂျာတွေအတွက် အချိန်နည်းနည်းနဲ့ အလုပ်ပြီးမြောက်မှုမြန်ဆန်ဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။

checking goods at warehouse

(2) Basic Operations

Warehouse ထဲမှာ Available ဖြစ်တဲ့ ကုန်ပစ္စည်းအရေအတွက်ကိုအခြေခံပြီး Delivery Order တွေကိုပြင်ဆင်နိုင်တဲ့အတွက် စာရင်းတိကျစွာလုပ်ဆောင်နိုင်မယ်။ Warehouse Products တွေကိုလည်း location အလိုက်၊ Category အလိုက် စသဖြင့် သီးသန့်စာရင်းသွင်းနိုင်မယ်။ ကုန်ပစ္စည်းလက်ခံ၊ Repair Orders နဲ့ Product packing ပိုင်းကိုလည်း လွယ်ကူရှင်းလင်းစွာ လုပ်ဆောင်နိုင်မယ်။ Warehouse location တစ်ခုမှ တခြားတစ်ခုသို့ ပြောင်းရွှေ့ခြင်းကိုလည်း System ထဲမှာ click နှိပ်ရုံနဲ့ ပြောင်းလဲမှတ်သားနိုင်တယ်။ Lot အလိုက်ဖြစ်စေ၊ Serial နှင့်ဖြစ်စေ၊ Box နှင့်ဖြစ်စေ စသဖြင့် လုပ်ငန်းလိုအပ်ချက်အလိုက် စာရင်းသွင်းလုပ်ဆောင်နိုင်သောကြောင့် Inventory Adjustment ပိုင်းကို ပိုပြီးတိကျစွာတွက်ချက်နိုင်မယ်။

check order inventory with barcode

(3) Advanced Routing

တချို့ Delivery Order တွေမှာ Supplier ကနေ Customer ဆီကိုတိုက်ရိုက်ပို့ပေးဖို့လိုအပ်တဲ့အခါ Drop-shipping function ကိုထည့်လို့ရတယ်။ မိမိရဲ့ warehouse မှာ ဘယ်ကုန်ပစ္စည်းကို အရင်ထုတ်မယ်၊ ဘယ်အမျိုးအစားအလိုက် ဦးစားပေးရွေးချယ်မယ် စသဖြင့် Removal Strategies တွေကို ကိုယ်တိုင် customize လုပ်နိုင်မယ်။ မိမိရဲ့ လုပ်ငန်းသဘာဝပေါ်မှာအခြေခံပြီး သင့်တော်တဲ့ ကိုယ်ပိုင် order process flow ကို သတ်မှတ်လို့ရတယ်။ ဉပမာ – ကုန်ပစ္စည်းအော်ဒါပို့ဆောင်ခြင်းအတွက်ကို System ထဲမှာ အဆင့်တစ်ခုထဲလုပ်ထားမလား ဒါမှမဟုတ် picking, packing, shipping စသဖြင့် အဆင့်လိုက်သတ်မှတ်ထားပြီး လုပ်ဆောင်မလားဆိုတာကို စီမံလို့ရမယ်။ Multi-warehouses တွေကို same system နဲ့ပဲလုပ်ဆောင်နိုင်သလို customize rules တွေသတ်မှတ်ပြီး ခွဲခြားစီမံလို့လည်းရတယ်။

(4) Productivity

Inventories, Incoming shipments, Delivery order process စတဲ့ Inventoy Operation တိုင်းအတွက် အခြေအနေအလိုက် barcode scanner ကိုသုံးလို့ရမယ်။ Customer တွေအနေနဲ့လည်း သူတို့ရဲ့ orders, invoices, delivery order status တွေကို Customer Portal ကနေ tracking ကြည့်လို့ရမယ်။ Order ပေါ်အခြေခံပြီး product stock ကို တွက်ချက်ပေးတဲ့အတွက် အချိန်ကုန်သက်သာစေမယ်။ Customer, Supplier, Products စသဖြင့်ကိုယ်ရှာချင်တဲ့ criteria တွေကို Filter သုံးပြီးရှာနိုင်တဲ့အတွက် work process ကိုပိုမြန်စေတယ်။ လုပ်ငန်းရဲ့ Inventory ပိုင်းကို ရှင်းရှင်းလင်းလင်းနဲ့မြင်သာစေမယ်။

modern technology at work in a grocery store

(5) Traceability

Document တွေအားလုံးမှာ operation အဆင့်အလိုက် လုပ်ဆောင်ထားတဲ့ history တွေအားလုံးကို log လုပ်ထားနိုင်မယ်။ Delivery orders, receptions, internal moves စသဖြင့် မိမိခြေရာခံချင်သော transactions ကို customize ရွေးချယ်လုပ်ဆောင်လို့ရမယ်။ Inventory valuation ကိုအသုံးပြုပြီး မိမိရဲ့ Accounting Software မှာလည်း Balance Sheet ကိုက်ညီအောင်လုပ်ဆောင်နိုင်တယ်။

(6)   Products

System ထဲမှာ Product တွေကိုစာရင်းသွင်းတဲ့အခါ Physical Products, consumables, services, digital products စသဖြင့် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်နိုင်တယ်။ Product အပေါ်မှာမှ custom fields တွေထပ်ပေါင်းထည့်လို့ရမယ်။ Expiration date တွေသတ်မှတ်ထားနိုင်တယ်။ ဒါ့အပြင် multiple unit of measures ကို ထောက်ပံ့ပေးတာကြောင့် အခြေအနေအလိုက် လွယ်လွယ်ကူကူ ပြောင်းလဲသုံးလို့ရတယ်။ ဉပမာ – တန် နဲ့ ဝယ်ယူပြီး ကီလိုဂရမ်နဲ့ပြန်ရောင်းရမယ်ဆိုရင် အချိန်မပေးရဘဲ ချက်ချင်းတွက်ချက်နိုင်ပါတယ်။

using Software in warehouse

(7) Reporting

Advanced reporting ကို Inventory Dashboard ပေါ်ကနေ အချိန်နဲ့တပြေးညီကြည့်ရှုနိုင်မယ်။ Sales orders, purchase orders, manufacturing orders, internal moves စတဲ့ state တွေအပေါ်အခြေခံပြီး product availabilities ကို တွက်ချက်နိုင်မယ်။ ကုန်အဝင်အထွက်စာရင်းအားလုံးကို အတိအကျ Report ထုတ်နိုင်တယ်။ စာရင်းကိုင်တွေအနေနဲ့ရော အရောင်းသမားတွေအတွက်ရော လွယ်ကူစွာအသုံးပြုနိုင်တဲ့ Solution ဖြစ်တဲ့အပြင် လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာထောက်ပံ့ပေးနိုင်တာတော့ အသေအချာပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးတက်နေတဲ့နည်းပညာစနစ်တွေနဲ့ ပံ့ပိုးကူညီပေးပြီး Digital Transformation ကိုပူးပေါင်းဖော်ဆောင်ပေးဖို့အတွက် ကျွန်မတို့ Vision to Motion Myanmar Company က အသင့်ရှိနေပါတယ်။ ဒါ့အပြင် ထပ်ပြီးသတင်းကောင်းပါးချင်တာကတော့ V2M ရဲ့ ERP Software Solution တွေကို Free Trial (၁၅)ရက် ရနေပါပြီ။ အသေးစိတ်လည်း ရှင်းပြပေးဉီးမှာမို့ အောက်ကပေးထားတဲ့ Trial Request link ကနေ Form လေးဖြည့်စွက်ပြီး အခမဲ့အကြံပေးဝန်ဆောင်မှုကိုရယူလိုက်ပါရှင်။