Customer Relationship Management (CRM)

စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အသက်က Customer ပါပဲ။ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် လည်ပတ်နေဖို့က ခေတ်နဲ့အညီပြောင်းလဲနေတဲ့ Business Ways, Market Ways တွေအပြင် မရှိမဖြစ်တန်ဖိုးထားဖို့လိုတာကတော့ လူကြီးမင်းတို့ရဲ့ အမာခံ Loyalty Customers တွေပေါ့ရှင်။ ဆိုင်သေးသေးလေးမှသည် Company ကြီးတွေအထိ Customer Relationship ဆိုတာ နည်းပညာတွေမထွန်းကားခင်ကတည်းက သူ့နည်းသူ့ဟန်နဲ့ ရှိနေပြီးသားဖြစ်ပြီး Traditional Ways တွေနဲ့ မပြတ်လုပ်ဆောင်နေခဲ့ကြတာပါ။ အခုခေတ်မှာဆိုရင်တော့ လုပ်ငန်းတော်တော်များများက Customer Relationship ကို အလေးထားပြီး နည်းပညာနဲ့ပေါင်းစပ်ကာ မိမိရဲ့ Company Values ကို မြင့်တင်နေတာ အတွေ့များလာရတယ်။ ဉပမာ – ဆိုင်သုံး၊ လုပ်ငန်းသုံး POS (Point of Sales) Software တွေမှာ ဝယ်ယူတဲ့ customers တွေကို အကြိမ်အရေအတွက်အလိုက် point လေးတွေစုပေးထားတယ်။ Point တွေနဲ့ ကုန်ပစ္စည်းလက်ဆောင်ရတာမျိုး၊ discount ရတာမျိုးကို Customer ကခံစားခွင့်ရှိမယ်။ ဒါလည်း Repeat Customer တိုးပွားစေလို့ CRM တစ်ခုပါပဲ။ ပြောရရင် customer တွေအနေနဲ့လည်း စိတ်ကျေနပ်မှုရရှိနိုင်သလို လုပ်ငန်းရှင်ဘက်ကလည်း ကိုယ့်လုပ်ငန်းအပေါ် တဖက်တလမ်းကနေ ရေရှည်တည်တံ့မဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခု တည်ဆောက်လိုက်တာပါပဲ။

လုပ်ငန်းသုံးဆော့ဝဲလ်တွေဟာ ကွန်ပျူတာတွေတင်မက taplet တွေ smart phone တွေနဲ့ပါ သုံးလို့ရနေပြီ။

 

Continue reading