ကုန်ပစ္စည်းထိန်း Inventory Management စနစ်

စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေကစလို့ ဈေးကွက်ထဲက အရောင်းဆိုင်တွေအထိ လုပ်ငန်းလည်ပတ်မှုမှာ မဖြစ်မနေစီမံခန့်ခွဲဖို့လိုအပ်တဲ့ အပိုင်းတစ်ခုကတော့ ထုတ်ကုန်ပစ္စည်းသိုလှောင်ရုံတွေနဲ့ ကုန်ပစ္စည်းစာရင်းတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ပါပဲ။
ကုန်ပစ္စည်းစာရင်းဇယားတွေအတွက် လုပ်ငန်းတိုင်းမှာ စာရင်းကိုင်တွေက အချိန်အများကြီးပေးပြီး စာရင်းစာအုပ်တွေအများကြီးနဲ့ ကုန်အမှတ်မှားယွင်းမှုမရှိအောင်၊ ပစ္စည်းပြတ်လပ်မှုမဖြစ်အောင်၊ ကုန်ပစ္စည်းအလွဲသုံးစားလုပ်မှုတွေကိုထိန်းသိမ်းနိုင်အောင် စသဖြင့် လုပ်ငန်းရဲ့ အခရာဖြစ်တဲ့ သိုလှောင်ရုံတွေကို စီမံရပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ လုပ်ငန်းတစ်ခုအတွက် Inventory Management အပိုင်းက ကုန်ပစ္စည်းသိုလှောင်ခြင်းကို စီမံခန့်ခွဲဖို့ဆိုတဲ့ အကြောင်းပြချက်ထက်ပိုပါတယ်။ ဘာလို့လဲဆို​တော့ လုပ်ငန်းရဲ့ငွေကြေးတွေကို ကုန်ပစ္စည်းပေါ်မှာရင်းနှီးမြှုပ်နှံထားရတဲ့အတွက် ငွေကြေးလည်ပတ်စီးဆင်းမှု
ကဒီအပေါ်မှာ အခြေခံနေပါတယ်။

         ဒါကြောင့် ကျွန်မက အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ IT နည်းပညာ နဲ့ မိမိစီးပွားရေးကို ဘယ်လိုပေါင်းစပ်လုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ ထိုးဖောက်အောင်မြင်ချင်တဲ့စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ERP Software Solutions ထဲက Inventory Management Software ရဲ့ Features တွေကို လူကြီးမင်းတို့ပိုပြီးမြင်သာအောင် ရှင်းလင်းတင်ပြပေးသွားပါမယ်။

Continue reading