စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အသက်က Customer ပါပဲ။ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် လည်ပတ်နေဖို့က ခေတ်နဲ့အညီပြောင်းလဲနေတဲ့ Business Ways, Market Ways တွေအပြင် မရှိမဖြစ်တန်ဖိုးထားဖို့လိုတာကတော့ လူကြီးမင်းတို့ရဲ့ အမာခံ Loyalty Customers တွေပေါ့ရှင်။ ဆိုင်သေးသေးလေးမှသည် Company ကြီးတွေအထိ Customer Relationship ဆိုတာ နည်းပညာတွေမထွန်းကားခင်ကတည်းက သူ့နည်းသူ့ဟန်နဲ့ ရှိနေပြီးသားဖြစ်ပြီး Traditional Ways တွေနဲ့ မပြတ်လုပ်ဆောင်နေခဲ့ကြတာပါ။ အခုခေတ်မှာဆိုရင်တော့ လုပ်ငန်းတော်တော်များများက Customer Relationship ကို အလေးထားပြီး နည်းပညာနဲ့ပေါင်းစပ်ကာ မိမိရဲ့ Company Values ကို မြင့်တင်နေတာ အတွေ့များလာရတယ်။ ဉပမာ – ဆိုင်သုံး၊ လုပ်ငန်းသုံး POS (Point of Sales) Software တွေမှာ ဝယ်ယူတဲ့ customers တွေကို အကြိမ်အရေအတွက်အလိုက် point လေးတွေစုပေးထားတယ်။ Point တွေနဲ့ ကုန်ပစ္စည်းလက်ဆောင်ရတာမျိုး၊ discount ရတာမျိုးကို Customer ကခံစားခွင့်ရှိမယ်။ ဒါလည်း Repeat Customer တိုးပွားစေလို့ CRM တစ်ခုပါပဲ။ ပြောရရင် customer တွေအနေနဲ့လည်း စိတ်ကျေနပ်မှုရရှိနိုင်သလို လုပ်ငန်းရှင်ဘက်ကလည်း ကိုယ့်လုပ်ငန်းအပေါ် တဖက်တလမ်းကနေ ရေရှည်တည်တံ့မဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခု တည်ဆောက်လိုက်တာပါပဲ။

လုပ်ငန်းသုံးဆော့ဝဲလ်တွေဟာ ကွန်ပျူတာတွေတင်မက taplet တွေ smart phone တွေနဲ့ပါ သုံးလို့ရနေပြီ။

 

ဒါကြောင့် ကျွန်မက စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်မယ့် CRM Software Solution နဲ့ပတ်သက်ပြီး သူ့ရဲ့ Values လေးတွေကို ဆက်ဆွေးနွေးကြည့်ချင်ပါတယ်။

 

(၁) Sell Faster

မိမိလုပ်ငန်းရဲ့ leads တွေ Customers တွေကို စနစ်တကျစာရင်းသွင်းနိုင်မယ်။ ပြောရရင် လုပ်ငန်းတိုင်းမှာ ဖောက်သည်တွေက Categories အမျိုးမျိုးနဲ့ ရှိနေတယ်။ Customer, Lost Customer, Prospects, Suppliers, Partners, Potential Partners, Influencers, Inactive customers စသဖြင့်ပေါ့။ CRM မှာဆိုရင် Pipeline stage တွေကို customize create လုပ်ထားနိုင်တဲ့အတွက် potential ဖြစ်မယ့် Leads တွေ၊ customer တွေကို stage အလိုက် click နှိပ်၊ drag & drop လုပ်ပြီး လွယ်လွယ်ကူကူ စာရင်းသွင်းလို့ရတယ်။ ခွဲထုတ်ကြည့်လို့ရမယ်။ Report ထုတ်လို့ရမယ်။ ဒါကြောင့် စာရင်းစာအုပ်ကြီးထဲခေါင်းနှစ်ပြီး ရွေးထုတ်ရတဲ့ အချိန်တွေ၊ Excel file တွေ များလွန်းလို့ ဟိုပြေးကြည့် ဒီပြေးကြည့်လုပ်ရတဲ့အချိန်တွေ မရှိတော့ဘူးပေါ့။ Sales Team အနေနဲ့လည်း Work process တွေ မြန်လာသလို sales person တစ်ဦးချင်းစီရဲ့ performance ကိုလည်း CRM ကနေကြည့်လို့ရမယ်။ Sales activities တွေအားလုံးကို Dashboard ပေါ်ကနေ overview ရော details ရော ကြည့်လို့ရနိုင်တဲ့အပြင် Mobile user interface ပါရတာမို့ အချိန်မရွေး နေရာမရွေး Manage လုပ်နိုင်တာပေါ့။ ဒီအချက်ကြောင့် အရောင်းပိုင်ဆိုင်ရာကို ပိုပြီးသိသာ မြန်ဆန်စေနိုင်ပါတယ်။

 

အချိန်နေရာမရွေး ဖေါက်သည်ထွေနဲ့ ဆက်သွယ်အလုပ်လုပ်နိုင်မှ အခွင့်အလမ်းတွေ တိုးပွားလာမှာပါ။

 

Daily, Weekly, Monthly စသဖြင့် filter ရွေးကြည့်နိုင်တဲ့အပြင် Sales person တစ်ယောက်ချင်းစီရဲ့ Performance ကိုပါ သိသာစေပါတယ်။ Sales Process တစ်ခုလုံးကို CRM ထဲကနေ ဆန်းစစ်နိုင်တာမို့ ကိုယ့်လုပ်ငန်းရဲ့ Business Pipeline ကို 360ံ Visibility မြင်နိုင်ပါတယ်။

 

 

(၂) Opportunities

Lead တစ်ခုချင်းစီ၊ Customer တစ်ယောက်ချင်းစီ၊ ဒါမှမဟုတ် သက်ဆိုင်ရာ Project တွေတိုင်းမှာ sales person တွေအနေနဲ့ ကိုယ့်ရဲ့ activity တွေကို update လုပ်ထားနိုင်တဲ့အတွက် Team Work အနေနဲ့ process sharing ပြန်လုပ်ပေးရတဲ့အချိန်တွေ သက်သာမယ်။ Calls, mail, meeting စတဲ့ လုပ်ဆောင်မှုတွေကို Log လုပ်ထားနိုင်တဲ့အပြင် Next Action တွေကိုပါ Schedule လုပ်ထားနိုင်တဲ့အတွက် customer followup ပိုင်းကို များစွာအထောက်အပံ့ရစေပါတယ်။ Reporting ပိုင်းမှာလည်း Daily, Weekly, Monthly စသဖြင့် filter ရွေးကြည့်နိုင်တဲ့အပြင် Sales person တစ်ယောက်ချင်းစီရဲ့ Performance ကိုပါ သိသာစေပါတယ်။ Sales Process တစ်ခုလုံးကို CRM ထဲကနေ ဆန်းစစ်နိုင်တာမို့ ကိုယ့်လုပ်ငန်းရဲ့ Business Pipeline ကို 360ံ Visibility မြင်နိုင်ပါတယ်။ လစဉ်ရောင်းအား၊ ဖောက်သည်တွေရဲ့လိုအပ်ချက်၊ ပြိုင်ဘက်တွေရဲ့ လုပ်ဆောင်မှု၊ Lost reasons၊ စတဲ့ အခြေအနေတွေအားလုံးကို CRM ကနေ အလွယ်တကူသိရှိနိုင်တဲ့အတွက် အကျိုးအမြတ်များမယ့် Opportunities တွေကိုဆွဲထုတ်နိုင်မှာ အသေအချာပဲပေါ့။

 

ရောင်းအားနဲ့ အစီရင်ခံစာတွေကိုအချိန်နဲ့ တပြေးညီ ကြည့်နိုင်ပြီး ပျူဟာတွေကို ချက်ချင်းချမှတ်ပြီး လုပ်နိုင်လို့ business မန်နေဂျာတွေအတွက် အားအကိုးရဆုံး tool တခုပါ။

 

(၃) Customer

Address Book စာရင်းသွင်းတဲ့အခါမှာလည်း Single Company တစ်ခုထဲကို Multi Address တွေ၊ Multi Contact တွေထည့်လို့ရတယ်။ လုပ်ငန်းတိုင်းက nature ချင်းမတူနိုင်တဲ့အတွက် Delivery Methods တွေ၊ Financial data တွေက ကွဲပြားနိုင်တယ်။ တချို့ Customer တွေကျတော့ Office Address, Shipping Address စသဖြင့် ခွဲထားတဲ့အပြင် Purchase dept, Invoice dept စသဖြင့် ဆက်သွယ်ရတဲ့အပိုင်း သီးသန့်ရှိတတ်ကြတယ်။ ဒီပြဿနာတွေကို CRM ရဲ့ Tools တွေက ကောင်းကောင်းဖြေရှင်းပေးနိုင်တယ်။ လူကြီးမင်းက CRM ထဲကနေ customer တစ်ယောက်ကိုဖြစ်စေ၊ Company တစ်ခုကိုဖြစ်စေ ထုတ်ကြည့်လိုက်မယ်ဆိုရင် သူတို့နဲ့ လုပ်ဆောင်ဖူးထားတဲ့ History activities တွေအားလုံးကို ပါ ဘေးဘက် view ကနေ ပေါ်နေမယ်။ ဉပမာ – opportunities, orders, invoices, contracts, total due စသဖြင့်ပေါ့။ ဒါမှလည်း Customer တွေရဲ့ လိုအပ်ချက်၊ အားနည်းချက်၊ အားသာချက်တွေကို လူကြီးမင်းတို့ဘက်ကနေ ဆန်းစစ်နိုင်ပြီး ပိုကောင်းတဲ့ Relationship Management ကို ဖန်တီးနိုင်မှာပါ။

 

Two happy young women using laptop. Friends spending time together.

CRM နှင့်တွဲပြီး invoicing, PoS, Quotation, accounting စသည့် အပလီကေးရှင်များလည်းရှိသည်။


(၄) Time and Place

         ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို နည်းပညာနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် သူများထက်ပိုထိုးဖောက်နိုင်မှာမဟုတ်လားရှင့်။ မိမိရဲ့လုပ်ငန်းဟာ အခြေအနေအရပ်ရပ်တိုင်းမှာ လုပ်ဆောင်နိုင်ဖို့၊ ဝန်ဆောင်မှုပေးနိုင်ဖို့ကို ကျွန်မတို့က အသင့်ပြင်ဆင်ထားသင့်ပါတယ်။ အခု Covid -19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ တချို့ စီးပွားရေးလုပ်ငန်းတွေ လုံးဝရပ်လိုက်ရတာမျိုးတွေရှိပါတယ်။ လုပ်ငန်းတော်တော်များများ Work from Home တွေဖြစ်ကုန်ကြတယ်။ ဒီထဲကမှ ပုံမှန်လည်ပတ်နိုင်တဲ့ လုပ်ငန်းတိုင်းဟာ နည်းပညာကြောင့်ဆိုတာ မမှားပါဘူး။ ဒါကြောင့် လုပ်ငန်းတွေမှာ Traditional ways အပြင် IT Software support တွေရဲ့ လုပ်ဆောင်မှုတွေပါအကောင်အထည်ဖော်သင့်ပါတယ်။ CRM က Cloud Solution software ဖြစ်တာကြောင့် လုပ်ငန်းတွေအတွက် အချိန်လည်းသက်သာမယ်။ လူအင်အားလည်း လျှော့သုံးနိုင်မယ်။ တခြား ERP software solution တွေနဲ့လည်း Integrate လုပ်သုံးနိုင်တာကြောင့် ဝန်ထမ်းတွေအတွက်လည်း အဆင်ပြေတယ်။ လူကြီးမင်းတို့ရဲ့ ဝန်ထမ်းတွေအတွက် Internet ရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေး သုံးနိုင်တာကြောင့် Work productive ပိုဖြစ်တာပေါ့ရှင်။

ဒါကတော့ Customer Relationship Management နဲ့ပတ်သက်ပြီး ကျွန်မက ဆွေးနွေးထားတာပါရှင်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် CRM ကို အကောင်အထည်ဖော် အသုံးပြုချင်တယ်ဆိုရင်တော့ ကျွန်မတို့ Vision to Motion Myanmar Company (V2M) ကနေ အသင့်ရှိနေပါတယ်နော်။ ဒါ့အပြင် ထပ်ပြီးသတင်းကောင်းပါးချင်တာကတော့ V2M ရဲ့ ERP Software Solution တွေကို Free Trial 15days ရနေပါပြီ။ အသေးစိတ်လည်းရှင်းပြပေးဦးမှာမို့ အောက်ကပေးထားတဲ့ Trial Request link ကနေ form လေးဖြည့်လိုက်ရုံပါပဲနော်။