မတ်လမှစတင်ပြီး ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ မြန်မာပြည်ထဲကို ပြန်ဝင်လာကြပါတယ်။ ဒီလို ပြန်လည်ဝင်ရောက်ခြင်းနှင့်အတူ Covid-19 ကူးစက်နိုင်မှု အလားအလာများဟာ မြင့်တက်လာပါတယ်။ ဒါကြောင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများရဲ့ တည်နေရာ၊ အရေအတွက်ဟာ သူရဲ့ ပါတ်ဝန်းကျင်အတွက် အဓိက စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး တာဝန်ရှိသူများအနေနဲ့ အချက်အလက်များကို ပုံဖေါ်ကြည့်ခြင်းက အလွန်အသုံးတည့်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရနိုင်တဲ့ အချက်အလက်များကိုမူတည်ပြီး Google Map ပေါ်မှာ ပုံဖေါ်ကြည့်နိုင်ဖို့ စမ်းသပ်ပြလိုက်ပါတယ်။

ရည်ရွယ်ချက်

ပြည်ပနိုင်ငံများမှ ပြန်ဝင်လာရွှေ့ပြောင်းလုပ်သားများ ပြန်လည်အခြေချနေထိုင်ရာနေရာများကို မြေပုံပေါ်တွင် ပုံဖေါ်ခြင်း

လက်ဝယ်ရှိ အချက်အလက်

Health Declaration Data လူဝင်မှုကြီးကြပ်ရေးမှ ရရှိနိုင်

လိုအပ်သောအချက်အလက်
နေထိုင်နေရာ၏ လတ္တီကျု လောင်ဂျီကျု Lat Long သို့ Village Point ဖိုင်

မဲခေါင်ဒေသ Open Development ရဲ့ ဗိယက်နမ်နိုင်ငံအောက်မှာရနိုင်တဲ့ အောက်ပါ လင့်က Data Set
https://data.vietnam.opendevelopmentmekong.net/dataset/village-points-kayin-state-pcode-v9-0-1

စမ်းသပ်မှု

ပထမဆုံးအနေနဲ့ ပြည်ပမှ ဝင်ရောက်လာသူ တစ်ယောက်ချင်းစီရဲ့ Health Declaration Form ကို Google Sheet ဒါမှမဟုတ် Excel အနေနဲ့ အောက်ပါပုံစံပြောင်းပါ။

ပထမပိုင်း Health Declaration က ရတဲ့ အချက်အလက်ကို ဖြည့်ပြီးတဲ့နောက် Location နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဖြည့်လို့ရဖို့ ပြင်ဆင်ပုံရအောင်။ အခုလောလောဆယ်တော့ #N/A တွေပဲ တွေ့ရမှာ ဖြစ်ပါတယ်။

ရွာနာမည်ကို အဓိကထားပြီး ယူမှမို့ ရွာနာမည်ကို အရှေ့ဆုံးပို့ပြီး စီ ထားပါတယ်။

ပြီးတော့ မူလ Sheet မှာ ရွာနာမည်ရွေးလို့ရအောင် Data Validation ထည့်ပါတယ်။ ကျန်တဲ့ အချက်အလက် တွေပါ ဆွဲထည့်လို့ရအောင် Vlookup နဲ့ ချိတ်ပါတယ်။ နမူနာ =vlookup(J2,’Kayin Village’!$A$2:$P$1470,8,False)

ရွာနာမည်ရွေးလိုက်တာနဲ့ မြို့နယ်၊​ ခရိုင်၊​ Lat Long တွေပါတစ်ခါတည်းရပါပြီ။

Google Map က Your Places ကို သွားပါ။

Map ကို နှိပ်ပြီး အောက်ခြေက Create Map ကို နှိပ်ပါ။

Import ကို နှိပ်ပါ။ ပြီးရင် လုပ်ထားတဲ့ Google Sheet ကို Import လုပ်ပါ။ Excel လည်းရပါတယ်။

လိုချင်တဲ့ Placemarks ကို ရွေးပါ။

သုံးချင်တဲ့ Marker ကို ရွေးပါ။

လိုချင်တဲ့ အမျိုးအစားအလိုက် ဒီမှာတော့ Health Code အလိုက် အရောင်ခွဲပြီး Pin လုပ်နိုင်ပါတယ်။

တစ်ဦးချင်းစီကိုလည်း ကြည့်လို့ရပါတယ်။

ကိုယ်တိုင်စမ်းသပ်ပြီး နောက်ထပ်အများကြီးလုပ်နိုင်ပါသေးတယ်။ အခုပြသွားတာက အလွယ်သုံးလေးသာ ဖြစ်ပါတယ်။

Sample Map Link: https://drive.google.com/open?id=1zrhfXHYVj2CpQok6Jb2rVuIv-ZXLC-wj&usp=sharing

Nyein Chan Soe Win
WRITTEN BY
Nyein Chan Soe Win

This article was published in Medium.com and nyeinchan.com.
This is a replica of the published article, republish with approval from author.