H5P ဆိုသည်မှာ interactive content များ ဖန်တီးခြင်းဖြစ်သည်။ ဥပမာ- video များဖန်တီးရာတွင် ကျောင်းသား များအနေနှင့် သင်ခန်းစာများကို လေ့လာနေချိန်တွင် quiz မေးခွန်းများကို ထည့်သွင်း၍ ကျောင်းသားများ၏ နားလည် မှု များကို သိရှိနိုင်သည်။ H5P content type များစွာ ရှိသည့် အနက် မိမိ လိုအပ် သော content type များကို ရွေးချယ် နိုင်သည်။ H5P ကို အသုံးပြုလိုလျှင် မိမိ ၏ moodle ထဲ တွင် H5P plugin ရှိ၊မရှိကို plugin overview တွင်စစ်ဆေး၍ မရှိပါက h5P plugin ကို download လုပ် ၍ plugin install တွင် ဦးစွာ ထည့်သွင်းရမည် ဖြစ်သည်။

H5P plugin ထည့် သွင်းပြီးပါက မိမိတို့၏ course ရှိ add an activity or resource တွင် interactive content ကို ရွေးချယ် ၍ မိမိ ပြုလုပ် လို သော content ကို ရွေးချယ် ကာ ထည့် သွင်းနိုင်သည်။

H5P content type များကို မိမိတို့ လိုအပ်ချက် အရ install လုပ် ပြီးပါက H5P content များကို မိမိတို့၏ moodle ထဲ တွင် ပြင် ဆင်၍ upload တင်နိုင်ပါသည်။