Tag Archives: moodle

Cohort အသုံးပြုခြင်း

Cohort ဆိုသည်မှာ user များကို အုပ်စုဖွဲ့ ထားခြင်းဖြစ်သည်။ course များကိုဖန်တီးရာတွင် userများ ( teachers or students) ကို cohort ဖြင့် အလွယ် တကူ ထည့်သွင်းနိုင်သည်။
Cohort များဖန်တီးလိုလျှင် site administration ၏ user အောက်တွင် cohort များကို ဖန်တီးနိုင်သည်။

cohort ဖန်တီးပြီးပါက ဖန်တီးထားသော cohort အလွတ်ထဲသို့ group ဖွဲ့လိုသော user များထည့်သွင်းရမည် ဖြစ်သည်။
Cohort ထဲသို့ user များထည့်သွင်းလိုပါက site administration ၏ user အောက်ရှိ bulk user actions တွင် user များကိုရွေးချယ်၍ add to cohort ဖြင့်ထည့်သွင်းနိုင်သည်။
Cohort များကို course တခုထပ်မကထည့်သွင်းနိုင်သည်။

Course များဖန်တီးခြင်း

ယေဘုယျ အားဖြင့် course များကို ဖန်တီးရာတွင် administrator, course creator, manager များသာ ဖန်တီးနိုင် သည်။
course များကိုဖန်တီးလိုပါက site administration ၏ course အောက်ရှိ manage courses and categories တွင် ကိုယ်ဖန်တီးလိုသော category အောက်တွင် new course ယူ၍ဖန်တီးနိုင်သည်။ (သို့မဟုတ်) site administration ၏ course အောက်ရှိ add a new course တွင် category ရွေးချယ်၍ ဖန်တီးနိုင်သည်။

Course များကိုဖျက်ခြင်း

course များကိုဖျက်ရာတွင် administrator ကသာဖျက်နိုင်သည်။ course creator များမှာ course များဖန်တီးပြီး ၂၄ နာရီအတောအတွင်းသာ ဖျက်နိုင်သည်။
course များကိုဖျက်လိုပါက site administration ၏ course အောက်ရှိ ကိုယ်ဖျက်လိုသော course ရှိသည့် category အောက်တွင် ဖျက်လိုသော course ကို delete နှိပ်၍ဖျက်နိုင်သည်။

userများ ထည့်သွင်းခြင်း

use site Administration,

teacher ၊student များအားလုံးသည် userများ ဖြစ်ကြသည်။ user များထည့်သွင်းလိုပါက အသုံးများသောနည်းလမ်း (၂)မျိုး ရှိသည်။
(၁) user တယောက်ချင်းထည့်သွင်းခြင်း
(၂) user များကို file upload ဖြင့်တခါထဲ တစုတစည်း ထည့်သွင်းခြင်း

(၁) user တယောက်ခြင်းစီထည့် သွင်းရာတွင် site administration ၏ user အောက်ရှိ add a new user တွင် user တယောက်ချင်းစီအလိုက် ထည့်သွင်းနိုင်သည်။

This image has an empty alt attribute; its file name is Screenshot-1731-1024x735.png

Add a new user ရှိ user များကို ဖန်တီးရာတွင် အောက်ပါ အတိုင်း ဖန်တီးနိုင်သည်။ new user အတွက် password ကို ထည့် သွင်း၍ user များ login in ပထမဆုံး ဝင် ချိန် တွင် password ပြောင်း လဲ နိုင် အောင် force password change ဖြင့် လည်း ထည့် သွင်းနိုင်သည်။ (သို့မဟုတ်) password များကို user ၏ mail ထံသို့ auto generate လုပ် ၍ပို့ပေးသော generate password and notify user ဖြင့် လည်း ထည့်သွင်းနိုင်သည်။

(၂) user များကို တခါထဲ ထည့်သွင်းလိုပါက ဦးစွာ text file ကို မိမိ၏ စက်ထဲတွင်ကြိုတင် ပြင်ဆင်ထားရပါမည်။ text file ပြင်ဆင်ရာတွင် fields များကို ထည့်သွင်း ရမည် ဖြစ်သည်။
user account ဆောက် ရာတွင် မဖြစ်မနေ လိုအပ်သော field များမှာ- username,password,firstname,lastname,email တို့ဖြစ်ပါသည်။
ဥပမာအားဖြင့် မိမိ၏ text file ထဲတွင် အောက်ပါ အတိုင်းထည့်သွင်း၍ ပြင်ဆင်နိုင်သည်။

username,password,first name,last name,email
mgmg,Mgmg123,Mg,Mg,mgmg@edu.mm
hlahla,Hla123,Hla,Hla,hlahla@edu.mm

text file ၏ အပေါ် ဆုံး အကြောင်းသည် field များကိုထည့်ရပြီးကျန်အကြောင်းများတွင်user ၏ information များကိုထည့်သွင်းရမည်ဖြစ်သည်။

သတ်မှတ်ချက်များ
(၁) username field တွင် နာမည်သည် small letter များဖြစ်ရမည် ဖြစ်ပြီး space များ မခြားရပါ။
(၂) password field ကို မထည့်ပါက password auto generate လုပ်၍ email သို့ ပေးပို့မည်ဖြစ်သည်။

text file ကို ပြင်ဆင်ပြီးပါက site administration ၏ user အောက်ရှိ upload user တွင် file များကို upload လုပ်၍ user များကိုထည့်သွင်းနိုင်သည်။